Message
Interactive message
နှစ်ကုန် ဘောနပ်ကဘယ်တော့လဲ
Need help (0)
(0)
Launch date:2024-03-06
Share
296

Company က ပေးတဲ့ နှစ်ကုန် Bonus ရပြီးကြပြီလား????

Company culture ကြောင့် နှစ်ကုန် Bonus တွေဟာ ပေးတဲ့ရက်မတူကြဘူးနော်။
ဒါကြောင့် ဘယ်အချိန်တွေမှာ နှစ်ကုန်ဘောနပ် သတ်မှတ်ကြလဲ ဆိုတာ နည်းနည်းပြောြပေးပါမယ်။

၁။ မြန်မာနှစ်ကုန် သင်္ကြန် (သို့မဟုတ်) နှစ်ကူး

အများစုသော company တွေကတော့ ဒီလိုအချိန်မှာ နှစ်ကုန် Bonus ပေးလေ့ရှိပါတယ်။

၂။ Calendar Year (December)

Foreign company အများကတော့ ဒီလို အချိန်မှာပေးကြပါတယ်။

၃။ ဘဏ္ဍာရေး နှစ်ကုန်(မတ်လ)

ဒီလိုအချိန်မှာ ပေးတဲ့ Company တွေလဲ ရှိကြပါတယ်။ အများစုကတော့ မြန်မာနှစ်သစ်ကူး အချိန်နဲ့ နီးကပ်နေလို့ မြန်မာနှစ်သစ်ကူးလို့ပဲ တွက်ကြပါတယ်။

၄။ တရုတ်နှစ်သစ်ကူး (ဖေဖော်ဝါရီလ)

တရုတ် company အများစုကလည်း တရုတ်နှစ်သစ်ကူးမှာ ပေးတတ်ကြပါတယ်။

အဲဒီတော့ နှစ်ကုန် ဘောနပ်ကဘယ်တော့လဲလို့ မေးကြရင် ဒီဇင်ဘာ၊ဖေဖော်ဝါရီ၊ မတ်လ နဲ့ ဧပြီလ လတွေပဲ ဖြစ်ပါတယ်။

Company culture အလိုက် မတူညီတဲ့ အချိန်တွေကိုလည်း သတ်မှတ်တတ်ကြပါသေးတယ်။

သေချာတိတိကျကျ သိချင်တယ်ဆိုရင်တော့ မိမိ ကုမ္ပဏီရဲ့ HR ကို ပြေးပြီး မေးထားကြနော်။

𝐋𝐂𝐨𝐧𝐧𝐞𝐜𝐭 𝐉𝐨𝐛 𝐌𝐲𝐚𝐧𝐦𝐚𝐫

"𝐁𝐞𝐭𝐭𝐞𝐫 𝐋𝐢𝐟𝐞 𝐅𝐫𝐨𝐦 𝐁𝐞𝐭𝐭𝐞𝐫 𝐉𝐨𝐛"

#အလုပ်ခေါ်စာ #အလုပ်#HR #Human_resource #HRM #Human_resource_management