အလုပ်ခန့်အပ်ဖို့အတွက် အင်တာဗျူးကြတဲ့အခါ လစာနဲ့ပတ်သက်ပြီး မေးမြန်းခံရပါလိမ့်မယ်။ မိမိလျှောက်ထားတဲ့ ရာထူးနေရာအတွက် လစာဘယ်လောက်လိုချင်လဲဆိုတာကို မေးတာ အလုပ်အင်တာဗျူးတွေရဲ့ ထုံးစံပါပဲ။
“မျှော်မှန်းလစာ ဘယ်လောက်မှန်းထားလဲ”လို့ အင်တာဗျူးမှာ မေးမြန်းခံရတဲ့အခါ ချက်ခြင်းမဖြေနိုင်တာကို မေးမြန်းသူတွေဘက်က နားလည်ပေးကြပါတယ်။ ကိုယ့်ဘက်က အဖြေအဆင်သင့်မရှိဘူးဆိုရင်
_ အလုပ်အတွက်လိုအပ်ချက်ကို လစာနဲ့အကျိုးခံစားခွင့်တွေထက် ပိုပြီး တိတိကျကျ သိလိုပါတယ်။
_ မိမိအနေနဲ့ ဒီလုပ်ငန်းနယ်ပယ်ထဲမှာ ကျင်လည်နေသူဖြစ်တဲ့အတွက် အကျိုးခံစားခွင့်တွေ မတူတာကို နားလည်ပါတယ်။ ကုမ္ပဏီဘက်က ဘယ်လို အကျိုးခံစားခွင့်တွေ ပေးမလဲဆိုတာ သိချင်ပါတယ်လို့ ပြန်လည်ပြောကြားနိုင်ပါတယ်။
မျှော်မှန်းလစာနဲ့ ပတ်သက်ပြီး ဘယ်လောက်ဖြေရမယ်ဆိုတာ ဝေခွဲမရဖြစ်နေတုန်း ထပ်အမေးခံရရင်တော့ မေးခွန်းကိုတုံ့ပြန်ချိန်ရောက်လာပါပြီ။ ပမာဏတစ်ခုကို အတိအကျ ပြောလိုက်တာမျိုးကို ရှောင်ကြဉ်ပါ။ အဲ့ဒီအစား မတူညီတဲ့ လစာနှုန်းထား (အနည်းဆုံးမှ အများဆုံးထိ) ပြောကြည့်ပါ။ ကိုယ်လိုချင်တဲ့ လစာပမာဏထက် မျှတတဲ့နှုန်းထားမျိုးပဲ ပြောသင့်ပါတယ်။