မိသားစု ဒါမှမဟုတ် တစ်ခြား အကြောင်းပြချက်တွေကြောင့် ဝါသနာပါရာအလုပ်ကို စွန့်လွှတ်ထားလိုက်ရပြီလား???
ပတ်ဝန်းကျင်မှာရော ဝါသနာနဲ့ အလုပ် တစ်ထပ်တည်းကျတဲ့ဆိုတဲ့သူတွေကို တွေ့ဖူးကြလား???
ကိုယ်ဝါသနာပါရာနဲ့ အလုပ် နဲ့ တစ်ထပ်တည်း ကျတယ်ဆိုတဲ့သူတွေဟာ တကယ်ကို ကံကောင်းးကြတဲ့သူတွေပါ။
ဝါသနာနဲ့ အလုပ်တစ်ထပ်တည်း ကျတဲ့သူတွေဟာ လုပ်ငန်းခွင်မှာ ပျော်ရွှင်တက်ကြွစွာ လုပ်ကိုင်နိုင်စွမ်းရှိကြတယ်။ အလုပ်ဖိအား၊ တခြားသော Stress တွေ ပိနေရင်တောင် ကောင်းမွန်စွာ ဖြတ်ကျော်နိုင်စွမ်းရှိကြတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကို လုပ်နေရတာဖြစ်လို့ ပိုပြီး လုပ်နိုင်စွမ်း၊ ဉီးဆောင်နိုင်စွမ်းရှိကြပါတယ်။ ဒါကြောင့် လုပ်ငန်းနယ်ပယ်မှာ အောင်မြင်မှု ကို ခက်ခက်ခဲခဲမဟုတ်ပဲ ရယူနိုင်စွမ်းရှိကြပါတယ်။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ ရဲ့ ဝါသနာကို ရှာဖွေဖော်ထုတ်ဖို့လိုပါတယ်။
ရှာဖွေဖော်ထုတ်ပြီးရင်လည်း ကိုယ့်ဝါသနာနဲ့ ကိုက်ညီမယ့် Career ကို မှန်မှန်ကန်ကန်ရွေးချယ်ဖို့လဲ လိုပါတယ်။ ဒါမှလည်း အလုပ် Pressure နဲ့ Stress တွေကို ကောင်းကောင်း စီမံခန့်ခွဲနိုင်မှာပါ။
မိတ်ဆွေတို့ရော…… လက်ရှိ အလုပ်နဲ့ ဝါသနာ တစ်ထပ်တည်းကျပြီလား???