Message
Interactive message
The Bestway to Introduce yourself
Need help (0)
(0)
Launch date:2024-01-05
Share
313

ကိုယ့်အကြောင်းကို မိတ်ဆက်ခိုင်းတဲ့အခါ ပြောဖို့ အကောင်းဆုံးနည်းလမ်း….

အင်တာဗျူးဖြေတဲ့အခါ စစချင်း ကျွန်တော်တို့ အကြောင်းကို Company က မိတ်ဆက်ခိုင်းမှာပါ

အင်တာဗျူး အောင်ဖို့ဆိုရင် အောက်က အချက်လေးတွေကို မမေ့မလျော့ပြောဖို့လိုမယ်နော်….


နံပါတ်  - ကိုယ့်အကြောင်းစပြောဖို့ ကိုယ့် ရဲ့အမည် နဲ့ “တွေ့ရတာဝမ်းသာကြောင်း” ပြောပါ။

နံပါတ်  - ကိုယ့်ရဲ့ professional career အကြောင်း၊ ကိုယ့်ရဲ့နောက်ခံအလုပ်တွေ အကြောင်းကို အကျဉ်းချုပ်ပြောပြပါ။

နံပါတ်  - အင်တာဗျူး ဝင်နေတဲ့ Position နဲ့ ကိုက်ညီတဲ့ ကိုယ့်ရဲ့ အောင်မြင်တဲ့ project တွေကို ပြောပြပါ။

နံပါတ်  - လျောက်ထားတဲ့ ရာထူးနဲ့ ဘာကြောင့် Company ကို စိတ်ဝင်စားတယ်ဆိုတဲ့အကြောင်းကို ရှင်းလင်းပြောပြပါ။

နံပါတ်  - ကိုယ့်ရဲ့ ပညာရေးအကြောင်းနဲ့ လျှောက်ထားတဲ့ ရာထူးနဲ့ကိုက်ညီတဲ့ Diploma ရှိခဲ့ရင် ပြောပြပေးပါ။

နံပါတ်  - ကိုယ့်ရဲ့ အရည်အချင်းတွေ အတွေ့အကြုံတွေကြောင့် လက်ရှိရာထူးနဲ့ ဘယ်လိုကိုက်ညီတယ်ဆိုတာကို ပြောပြပြီး နိဂုံးချုပ်ပါ။

ဒီလို ပြည့်ပြည့်စုံစုံ ဖော်ပြလိုက်ပြီဆိုရင်တော့ Company ဘက်က ကိုယ်နဲ့ သူတို့ လိုအပ်ချက်နဲ့ ကိုက်ညီမှု ရှိ၊ မရှိ ကို သိရပြီဖြစ်တဲ့အတွက် အလုပ်ခန့်ထားမှု Process ပိုမိုမြန်ဆန်ပါလိမ့်မယ်။