Message
Interactive message
2024မှာ ရေပန်းစားလာမဲ့ Career (5)မျိုး
Need help (0)
(0)
Launch date:2023-11-16
Share
350

အလုပ်ကိုင်အခွင့်လမ်းဆိုတာ စဉ်ဆက်မပြတ် ပြောင်းလဲနေတတ်တဲ့ အရာမျိုးပါ

နည်းပညာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အလုပ်ကိုင်အခွင့်လမ်း အသစ်တွေ များပြားလာသလို လူငယ်တွေအတွက် Job Marketကြီးကလည်း တိုးတက်လာတာကို မျက်မြင်တွေ့ရမှာပါပဲ

နည်းပညာတွေက အချိန်နဲ့အမျှပြောင်းလဲနေသလို Professional လူငယ်တွေအတွက် အလုပ်အကိုင်နယ်ပယ်အသစ်တွေကလည်း အချိန်နဲ့အမျှ ပေါ်ထွန်းလာနေပါတယ်

ဒီလိုနည်းပညာခေတ်ကြီးမှာ ဘယ်နယ်ပယ်တွေမှာ ဘယ်လောက်တိုးတက်နေပြီလဲဆိုတာကို မသိထားဘူးဆိုရင် ဒီလိုCompetitive Job Marketကြီးမှာ မျက်ခြည်ပြတ်ကျန်ခဲ့မှာပါ

တက်သစ်စ လူငယ်တွေအနေနဲ့ ဘယ်နယ်ပယ်တွေမှာ ဘယ်လိုအခွင့်အလမ်းတွေ ပေါ်ထွန်းနေပြီလဲ၊ ကိုယ်ဖြတ်သန်းချင်တဲ့ နယ်ပယ်မှာ Professionalကျကျ လုပ်ကိုင်နိုင်အောင် ဘယ်လိုSkillတွေ ဖြည့်ဆည်းထားဖို့ လိုအပ်မလဲဆိုတာကိုလည်း သိထားသင့်ပါတယ်

ဒါကြောင့် ဒီနေ့ 2024မှာ ရေပန်းအစားဆုံးဖြစ်လာမဲ့ အလုပ်ကိုင်နယ်ပယ်တွေက ဘာဖြစ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်


Content Creator

Content creator လို့ပြောတဲ့အခါ ဘာကိုအရင်ဆုံး ပြေးမြင်မိကြမလဲ?

တကယ်တော့ ဒီcontent creator ဆိုတဲ့‌ ခေါင်းစဉ်အောက်မှာ Content writer, Youtuber, Video Editor, Pod caster, Reviewer အစရှိသဖြင့် နယ်ပယ်စုံက Content ဖန်တီးကြသူတွေပါဝင်ပါတယ်။ ဒီအလုပ်တွေဟာ ဝင်ငွေအားဖြင့်လည်း ကောင်းမွန်သလို အိမ်ကနေလည်း အလုပ်လုပ်နိုင်တဲ့ Self employed professional တွေအဖြစ်လည်း လျှောက်လှမ်းနိုင်တာကြောင့် လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အလုပ်ကိုင်ဆိုလည်း မမှားပါဘူး။ ဒီcontent creator နယ်ပယ်မှာ အလုပ်လုပ်မယ်ဆိုရင် Video editing, creative writing, public speaking skillနဲ့ ကိုယ်ဖန်တီးမဲ့ content နဲ့ ပတ်သတ်တဲ့ Knowledgeတွေ လိုအပ်မှာ ဖြစ်ပါတယ်


Software and technology

လူငယ် Professionalလို့ ပြောတဲ့အခါ ITနယ်ပယ်ကို လုံးဝချန်လှပ်ထားလို့ မဖြစ်ပါဘူး

နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ITနယ်ပယ်မှာ အလုပ်လုပ်ကိုင်နေကြတဲ့ လူငယ်professionalတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးလာပါတယ်။ ITနယ်ပယ်လို့ ပြောတဲ့အခါ Web developer System analyst, Mobile application developer, Full stack engineer, Front-end developer, DevOps consultant, UI/UX designer စတဲ့ professionalတွေ ပါဝင်ပါတယ်။ ဒီနယ်ပယ်မှာ အလုပ်ကိုင်ဖို့အတွက်ဆိုရင် JavaScript, web development, Amazon Web Services (AWS), MySQL နဲ့ Wordpressစတဲ့ Programming Languageတွေ ကျွမ်းကျင်ထားဖို့လိုသလို UI/UXအတွက်လည်း Adobe XD, Figmaစတဲ့ skillတွေ ရှိထားဖို့ လိုအပ်ပါတယ်။ ဒီအလုပ်ကိုင်ဟာ ကျွမ်းကျင်အဆင့်ပညာရှင်တွေပဲ လုပ်ကိုင်ကြတာဖြစ်သလို ဈေးကွက်ထဲမှာလည်း လစာကောင်းမွန်တဲ့ အလုပ်ကိုင်ဖြစ်တာကြောင့် 2024မှာ ရေပန်းအစားဆုံး ဖြစ်လာမဲ့ အလုပ်ကိုင်နယ်ပယ်ထဲက တစ်ခုပါပဲ။


Finance & Insurance

ကုမ္ပဏီ ကြီး၊ လတ်၊ ငယ် မရွေး လိုအပ်တာကတော့ ငွေကြေးနဲ့ ဘဏ္ဏာရေးဆိုင်ရာ စီမံခန့်ခွဲပေးမဲ့ ပညာရှင်တွေပါပဲ။ Financeနယ်ပယ် အလုပ်ကိုင်တွေလို့ပြောရင် Financial advisor, accountant, financial planner, finance specialistစတဲ့ ပညာရှင်တွေပါဝင်မှာပါ။ ဒါ့အပြင် Financeနဲ့ ဆက်နွယ်နေတဲ့ Insurance နယ်ပယ်ကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ ဒီFinance & Insuranceနယ်ပယ်ဟာ အလုပ်ကိုင်အခွင့်လမ်းလည်း များပြားသလို ပညာရှင်အဖြစ် ရေရှည်လုပ်ကိုင်နိုင်တဲ့ နယ်ပယ်ဖြစ်တဲ့အတွက် ရေပန်းအစားဆုံးထဲက တစ်ခုပါပဲ။ ဒီလိုနယ်ပယ်မှာ အလုပ်လုပ်ကိုင်ချင်တယ်ဆိုရင်  Financial planning, insurance, risk management, financial analysis, accounting စတဲ့ Skillတွေကို ဖြည့်တင်းထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။


Digital Marketing

Digital marketing အလုပ်ကိုင်ဆိုတာ ဒီနေ့ခေတ်လူငယ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ဆုံး အလုပ်ကိုင်ပါပဲ။ Digital marketing နယ်ပယ်ဟာ ကျယ်ပြန့်သလို အလုပ်ကိုင်အခွင့်လမ်းလည်း အရမ်းပေါများလွန်းတာကြောင့် မြန်မာနိုင်ငံက လူငယ်အများစု တိုးဝင်ချင်ကြတဲ့ နယ်ပယ်ဆိုလည်း မှားမယ်မထင်ပါဘူး။ Digital marketing နယ်ပယ်လို့ ပြောတာနဲ့ Content/copy writer, Graphic Designer, Motion Designer, Social media manager, Digital marketing specialist, Social media marketing specialist, Marketing analyst, Media buyer, Creative director စတဲ့ အလုပ်ကိုင်ပေါင်းစုံ ပါဝင်မှာပါ။ ဒီနယ်ပယ်မှာ အလုပ်လုပ်ကိုင်ဖို့အတွက်ဆိုရင် Social media marketing, copywriting, Google Analytics, lead generation, digital marketing, media buying, Adobe Photoshop, Adobe Illustrator, Adobe After Effectစတဲ့ Skillတွေ လိုအပ်မှာပါ။ အိမ်ကနေလည်း အလုပ်လုပ်နိုင်သလို Freelancer တွေအဖြစ်လည်း လုပ်ကိုင်နိုင်တာကြောင့် အချိန်ကို ကောင်းကောင်းအသုံးချနိုင်ပြီး ဝင်ငွေရှာဖွေရလွယ်ကူတဲ့ အလုပ်ကိုင်နယ်ပယ်တစ်ခုဖြစ်လို့ 2024မှာ လူငယ်တိုင်း နှစ်သက်ကြမဲ့ နယ်ပယ်တစ်ခု ဖြစ်လာမှာ မဆန်းပါဘူး။


Business Development and Sale

Business Development နဲ့ Sale အလုပ်အကိုင်တွေဟာ ကုမ္ပဏီတိုင်းရဲ့ အဓိက ဝင်ငွေရှာပေးရမဲ့ ဌာနတွေဖြစ်တာကြောင့် ကုမ္ပဏီတိုင်းရဲ့ မရှိမဖြစ် ပင်မကျောရိုးပါပဲ။ အဖွဲ့အစည်းတိုင်းမှာ Business Development နဲ့ Saleကျွမ်းကျင်သူတွေကို လိုအပ်တာကြောင့် အလုပ်ကိုင်အခွင့်အလမ်း ပေါများလွန်းတဲ့ နယ်ပယ်ပါပဲ။ ဒီနယ်ပယ်မှာဆိုရင် Sales specialist, account manager, account executive, business development specialistစတဲ့ အလုပ်ကိုင်တွေပါဝင်မှာပါ။ ဒီနယ်ပယ်မှာ အလုပ်လုပ်နိုင်ဖို့အတွက် Negotiation, account management, business development, business planning, lead generation, persuasive selling စတဲ့ skillတွေ လိုအပ်မှာပါ။ Professional တစ်ယောက်အဖြစ် ရေရှည်လုပ်ကိုင်နိုင်တဲ့ နယ်ပယ်ဖြစ်တာကြောင့် 2024မှာ‌ ရေပန်းစားလာမဲ့ အလုပ်ကိုင်တွေထဲက တစ်ခုအဖြစ် ဖော်ပြလိုက်ပါတယ်။