Message
Interactive message
CV ဖောင်မှာထည့်ဖို့ဓာတ်ပုံမရိုက်တတ်လို့ခေါင်းစားနေသူတွေအတွက် ဓာတ်ပုံရိုက်နည်းအကြံပြုချက်
Need help (0)
(0)
Launch date:2023-03-31
Share
453

CV ဖောင်မှာထည့်ဖို့ဓာတ်ပုံမရိုက်တတ်လို့ခေါင်းစားနေသူတွေအတွက်  ဓာတ်ပုံရိုက်နည်းအကြံပြုချက်….


CV ဖောင်တစ်စောင်ကို ကြည့်လိုက်တာနဲ့ ပထမဆုံးတွေ့ရတာက CV ဖောင်မှာထည့်ထားတဲ့ဓာတ်ပုံပါပဲ။ 

ဒါက အလုပ်လျှောက်သူရဲ့ professional ကျမှု၊ ကိုယ်ပိုင် personal branding တစ်ခုကို ဖော်ပြနေတာဖြစ်တဲ့အတွက်

သေသပ်ကောင်းမွန်တဲ့ ဓာတ်ပုံပါရှိခြင်းက CV ဖောင်တစ်စောင်မှာ အရေးကြီးတဲ့ အခန်းကဏ္ဌတစ်ခုမှာပါဝင်နေပါတယ်။ 


ဒါကြောင့် CV ဖောင်အတွက် ဓာတ်ပုံတစ်ပုံရိုက်တော့မယ်ဆိုရင် မဖြစ်မနေလိုက်နာလုပ်ဆောင်သင့်တဲ့အချက် (၅) ချက်

ကိုမျှဝေပေးသွားပါမယ် …. ။


(၁) Selfieပုံလုံးဝမရိုက်ပါနဲ့ ။ 

တော်တော်များများဟာ အခြားသူရှေ့မှာ ဓာတ်ပုံရိုက်ရမှာ သက်သောင့်သက်သာမရှိတဲ့အတွက် ကိုယ့်ဘာကိုယ်ပဲ 

Selfie ပုံရိုက်ပြီး CV ဖောင်မှာထည့်သွင်းလိုက်လေ့ရှိပါတယ် ။ Selfie ပုံတွေဟာ facebook , Instagram အစရှိတဲ့ 

Social media ပလတ်ဖောင်းတွေအတွက်ပဲ ပိုပြီးအဆင်ပြေတာဖြစ်တဲ့အတွက် professional ကျတဲ့ ဓာတ်ပုံတစ်ပုံရရှိ

ဖို့အတွက်ဆိုရင် မိမိရဲ့အသိမိတ်ဆွေ ဒါမှမဟုတ် ဓာတ်ပုံဆိုင်တစ်ခုခုမှာ မဖြစ်မနေဓာတ်ပုံရိုက်သင့်ပါတယ်။ 

ဒါမှသာ အလုပ်ရှင်/HR တွေအနေနဲ့ ကိုယ်ဟာ ဒီCV ဖောင်အတွက် ဘယ်လောက်အလေးအနက်ထားပြင်ဆင်ထား

တယ်ဆိုတာကိုမြင်နိုင်မှာပဲဖြစ်ပါတယ်။ 


(၂) အဖြူရောင်နံရံ သို့မဟုတ် ရှင်းလင်းမှုရှိတဲ့ နောက်ခံ background ကိုအသုံးပြုပါ။ 

ဓာတ်ပုံရိုက်တဲ့အခါမှာ အလုပ်လျှောက်သူရဲ့ professional ကျပြီးသေသပ်တဲ့ ပုံစံမျိုးပြသဖို့ဆိုရင် အနှောက်အယှက်

ကင်းတဲ့ plain background ကသာအကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပြီး ပြင်ပနေရာတွေကို နောက်ခံထားပြီးရိုက်ခြင်း                

ကို လုံးဝရှောင်ရှားသင့်ပါတယ်။ 


(၃) Lighting ကောင်းကောင်းနဲ့ရိုက်ပါ။

ဓာတ်ပုံမှာ ပြင်ပနေရောင်တွေအရမ်းများနေတာမျိုးတွေ ၊ မီးအလင်းရောင်တွေအရမ်းများနေတာမျိုးတွေ၊ ပုံက အလင်း

ရောင်ကောင်းကောင်းမရှိဘဲ မှောင်နေတာမျိုးတွေက ဓာတ်ပုံရဲ့အရည်အသွေးကိုထိခိုက်နိုင်တာဖြစ်တဲ့အတွက် ကြည်လင်

ပြတ်သားတဲ့ ဓာတ်ပုံတစ်ပုံရရှိဖို့အတွက်ဆိုရင်  အလင်းရောင်ကို သင်တင့်စွာ ချိန်ညှိပြီးရိုက်ပေးရပါမယ်။


(၄) သေသပ်စွာဝတ်စားပါ။ 

ဓာတ်ပုံရိုက်တဲ့အခါမှာ ဖြစ်နိုင်မယ်ဆိုရင် ရှပ်အင်္ကျီ ၊ ကုဒ်အစရှိသဖြင့် အမြင်တင့်တယ်စေမယ့် formal ကျတဲ့အဝတ်အစား

တွေကိုရွေးချယ်ဝတ်ဆင်ပြီးရိုက်သင့်ပါတယ်။ ဒါမှသာ စည်းစနစ်ကျပြီးသေသပ်ကောင်းမွန်သူအဖြစ် impression တစ်ခုရ

ရှိစေမှာဖြစ်ပါတယ်။


(၅) နေရာအလွတ်ထားပါ။

ဓာတ်ပုံရိုက်တဲ့အခါအမှားအများဆုံးကတော့ မိမိရဲ့ပုံပါရင်ပြီးရောဆိုပြီး ရိုက်လိုက်မိတာပါပဲ။ ဒါဟာမိမိရဲ့မျက်နှာကို အနီးကပ်

ပြသလိုဖြစ်သွားပြီး သေသပ်မှုမရှိတဲ့အတွက် လုံးဝမလုပ်သင့်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်၊ ဒါကြောင့် ဓာတ်ပုံရိုက်တဲ့အခါ 

ဦးခေါင်းအထက်နဲ့ ပုခုံးဘေးဘက်ကို နေရာတစ်ခုချန်ထားပြီးရိုက်ပေးပါ။ ဒီလိုရိုက်ခြင်းအားဖြင့် မိမိရဲ့ပုံဟာကောင်းမွန်သေသပ်

တဲ့ frame တစ်ခုထဲကိုဝင်သွားမှာပဲဖြစ်ပါတယ်။