Message
Interactive message
သင်အလုပ်အကိုင်အခွင့်အလမ်းအသစ်ကိုရှာနေပါသလား?
Need help (0)
(0)
Launch date:2022-12-02
Share
489

လက်ရှိအလုပ်ကနေ အခြားအလုပ်တစ်ခုကို ပြောင်းချင်ပြီဆိုရင် အရင်ဆုံး စဉ်းစားရမှာက ကိုယ့်ရဲ့အလုပ်ပြောင်းချင်စိတ်ဟာ သင့်လျော်မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဟုတ်ရဲ့လားဆိုတာ စဉ်းစားရပါတယ်။ တကယ်ကို ပြောင်းသင့်နေပြီဆိုရင်တော့ ပြောင်းမယ့်အလုပ်ဟာ ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းတစ်လျှောက်မှာ ကောင်းတဲ့ အထောက်အပံ့ဖြစ်ဖို့ လိုပါတယ်။ အလုပ်အသစ် ပြောင်းဖို့အတွက် စိတ်ကိုလည်းပိုင်းဖြတ်ပြီးပြီ၊ CV တွေလည်း ပြင်ဆင်ပြီးပြီဆိုရင်တော့ ဘယ်လိုအလုပ်မျိုး ရှာသင့်လဲဆိုတာ အောက်မှာ ဆက်လက်ဖတ်ရှုလိုက်ပါ။


(၁) အချိန်ယူပါ

လက်ရှိအလုပ်မှာ အဆင်မပြေတာ တစ်ခုခုကြုံလာလို့ ဗြုန်းစားကြီး အလုပ်မထွက်လိုက်ပါနဲ့။ ကိုယ်ပြောင်းချင်တဲ့အလုပ်က ဘယ်လိုအလုပ်မျိုးလဲဆိုတာ သိဖို့ အချိန်လိုပါတယ်။ အလုပ်အသစ် မရှာခင် ကိုယ့်ကိုယ်ကိုယ်နားလည်သဘောပေါက်အောင် အရင်လုပ်ရပါတယ်။ ပြီးရင်တော့ လျှောက်ထားချင်တဲ့ ကုမ္ပဏီတွေအကြောင်းကိုလည်း သဘောပေါက်အောင် လေ့လာပြီးမှ လျှောက်သင့်ပါတယ်။


(၂) လေ့လာမှုများ ပြုလုပ်ပါ

အလုပ်ရှာတဲ့အခါ အချက်အလက် များများသိနိုင်လေ ကိုယ့်အတွက် ပိုကောင်းတဲ့နေရာကို တွေ့နိုင်လေလေ ဖြစ်ပါတယ်။ အဲ့ဒီအခါ ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်မှာပါ။ အလုပ်ခေါ်စာတစ်ခုကို တွေ့လိုက်ရင် ရာထူးနေရာကိုပဲ မကြည့်ပါနဲ့။ တချို့ကုမ္ပဏီတွေက ကိုယ်မကြားဖူးတဲ့ ရာထူးနေရာတွေ ပြောထားပေမယ့် တကယ်လုပ်ရမယ့်အပိုင်းတွေမှာတော့ ကိုယ်ကျွမ်းကျင်ပြီးသားတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အလုပ်ခေါ်စာထဲက ဖော်ပြချက်တွေကိုပါဖတ်ရင် အလုပ်ရနိုင်မှာပါ။ မိမိအနေနဲ့ လိုချင်တာ/ မလိုချင်တာ နှစ်မျိုးကို ချရေးထားပြီးမှ အလုပ်ခေါ်စာတွေနဲ့ ချိန်ညှိပြီး လျှောက်ထားသင့်ပါတယ်။ သင့်အနေနဲ့ အလုပ်ရှာဖွေနေတယ် ဆိုရင်တော့ ဒီလင့်ခ်မှာနှိပ်ပြီး မိမိနဲ့သင့်လျော်မယ့် ရာထူးကို ရှာဖွေလျှောက်ထားနိုင်ပါတယ်။


(၃) အရည်အချင်းကိုဦးစားပေးပါ

အလုပ်ရှာနေတာပဲဆိုပြီး မြင်သမျှ အလုပ်ခေါ်စာတိုင်းကို မလျှောက်လိုက်ပါနဲ့။ ကိုယ့်အတွက် တကယ်အကျိုးရှိစေမယ့် အလုပ်ကိုပဲ ရွေးချယ်လျှောက်ထားသင့်ပါတယ်။ ကိုယ်နဲ့မသက်ဆိုင် မလုပ်နိုင်တဲ့ ရာထူးနေရာတွေကို လျှောက်မယ့်အစား ကိုယ်လုပ်နိုင်မယ့်အလုပ်ကိုပဲ လျှောက်ထားသင့်ပါတယ်။


(၄) အလုပ်ရှာဖွေဖို့ အကောင်းဆုံးနေရာ

ယနေ့ခေတ်က အင်တာနက်ခေတ်ကြီးပါ။ အချိန်ကုန်၊ လူပင်ပန်း သက်သာဖို့အတွက် အင်တာနက်ပေါ်ကနေ လုပ်ဆောင်ခြင်းက ပိုမိုလွယ်ကူ အဆင်ပြေစေပါတယ်။ မြန်မာနိုင်ငံရဲ့ နံပါတ်တစ် အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် www.connect.com.mm မှာ ကိုယ်လိုချင်တဲ့ ရာထူးနေရာကို ဝင်ရောက်ရှာဖွေပြီး အခမဲ့ လျှောက်ထားနိုင်ပါတယ်။ နောက်တစ်ခုကတော့ အလုပ်အကိုင်ပြပွဲတွေပါ။ ကုမ္ပဏီတွေက သူတို့လိုအပ်နေတဲ့ ရာထူးနေရာတွေကို အလုပ်အကိုင်ပြပွဲတွေမှာ လာရောက်ခေါ်ယူကြတာဖြစ်လို့ တစ်နေရာတည်းမှာ ကုမ္ပဏီကြီးတွေကို လေ့လာခွင့်ရမယ့်အပြင် ကိုယ့်ရဲ့ CV နဲ့ လူတွေ့လျှောက်ထားနိုင်ဦးမှာပါ။


LConnect ကနေ ခေါ်ယူမှုအများဆုံးနဲ့ ရေပန်စားနေတဲ့အလုပ်အကိုင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

1. Sales and Business Development

2. Marketing/ Media/ Creative

3. IT Hardware/ Software

4. Accounting and Finance

5. Engineering and Technical

6. Administration

7. HR Training and Recruitment

8. Customer Service Support