讯息
互动留言
Interview ဖြေတဲ့အခါ ဘယ်လိုအရာတွေ ကြိုတင်ပြင်ဆင်သင့်လဲ?
有帮助 (0)
(0)
推出日期:2023-03-31
分享
684

Interview ဖြေတဲ့အခါ ဘယ်လိုအရာတွေ ကြိုတင်ပြင်ဆင်သင့်လဲ?


အလုပ်တစ်ခုလျှောက်တဲ့အခါ ပထမဆုံးအရေးကျော်ဖြတ်ရမယ့် အဆင့်တစ်ခုက Interview ဖြေဆိုခြင်းပဲဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် အခုဖော်ပြပေးသွားမှာတွေက Interview ဖြေတဲ့အခါ ကြိုတင်ပြင်ဆင်သင့်တာတွေကို ပြောပြပေးသွားပါမယ်။


(၁) Interview ချိန်းထားတဲ့အချိန်တွေထက် စောပြီးရောက်အောင်သွားပါ။

     Interview မစတင်ခင် သတ်မှတ်ထားတဲ့အချိန်ထက် စောပီးရောက်အောင်သွားခြင်းကလဲ သင့်ကို အမှတ်ကောင်းရစေနိုင်

    ပါတယ်။


(၂) သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်ပါ။

    Interview ဖြေဆိုတဲ့အခါ ကိုယ့်ကို Interview မေးကြမယ့်လူတွေက Company ပိုင်ရှင် အပါအဝင် ကိုယ့်အထက်

    လူကြီးလဲဖြစ်နိုင်ပါတယ်။ကိုယ့်သွားလုပ်မယ့် Company နဲ့သင့်တော်တဲ့ဝတ်စားဆင်ယင်မှုမျိုးဖြစ်တာက သင့်

    အပေါ်ကို First Impression အားကောင်းစေပါတယ်။


(၃) Greeting လုပ်ဖို့ မမေ့ပါနဲ့။

    Interview ဖြေတဲ့အခါ ကိုယ့်ကိုကိုယ် မိတ်ဆက်တာကအရေးကြီးပါတယ်။ မိမိနာမည်ကိုတစ်ဖက်လူမှတ်မိနေအောင်

    ကိုယ့်ဘက်က အရင်ဆုံးမိတ်ဆက်ပေးခြင်းဖြင့် ယုံကြည့်မှုရှိကြောင်းထုတ်ဖော်ပြပါ။


(၄) Company Profile နဲ့ Backgroundကို ကြိုတင်လေ့လာပါ။           

    အလုပ်တစ်ခုလျှောက်တော့မယ်ဆိုရင် ကိုယ်လျှောက်မယ့် Company Profileနဲ့ Background ကိုကြိုတင်လေ့လာထား

    ဖို့အရေးကြီးပါတယ်။ အခုခေတ်မှာ Company Profile လေ့လာဖို့အရမ်းလွယ်ကူသွားပါပီ။ Google၊ Facebook၊ Website

    နဲ့ LinkedIn တို့မှာ Company Profile တွေ Background တွေကိုကြိုတင်လေ့လာခြင်းဖြင့် Company နဲ့ပတ်သက်ပြီး 

    ဘယ်လောက်သိလဲဆိုတာ ပေါ်လွင်စေပါတယ်။


(၅) Interview ဖြေတဲ့အခါ Eye Contact ရှိပါ။

    ကိုယ်နဲ့ Interview မျက်မှာချင်းဆိုင်လုပ်တဲ့အခါ မျက်လုံးချင်းထိထိမိမိ ပြောဆိုဆက်ဆံဖို့အရေးကြီးပါတယ်။ Eye Contact

    လုပ်ခြင်းဖြင့်ကိုယ်ရဲ့ အာရုံစူးစိုက်မှုနဲ့ယုံကြည်မှုရှိမှုကို ပိုပြီးပေါ်လွင်စေပါတယ်။


(၆) ကိုယ့်ဘက်က ထိရောက်တဲ့ မေးခွန်းတွေမေးဖို့အတွက် ပြင်ဆင်ပါ။

    ကောင်းမွန်တဲ့ Interviewer တွေကလဲသူတို့ကိုမေးခွန်းတွေမေးတာမျိုးကို နှစ်သက်တတ်ပါတယ်။ဘယ်လိုမေးခွန်းမျိုးတွေ

    မေးသင့်လဲဆိုတော့ သင့်အတွက် စိတ်ရောကိုယ်ပါ Personal Career တိုးတက်ဖို့ဘယ်လောက်သင်ယူလေ့လာခွင့်ရနိုင်မလဲ

    ဆိုတဲ့မေးခွန်းမျိုးတွေမေးသင့်ပါတယ်။ ရှောင်ရမယ့် မေးခွန်းတွေလဲရှိပါတယ်။အဲ့ဒါတွေက သင့်မှာရှိတဲ့အရည်အချင်းတွေ

    ထုတ်ဖော်မပြောဆိုခင်မှာ လစာဘယ်လောက်လဲ၊ Public Holidays ဘယ်လိုရှိလဲဆိုတဲ့မေးခွန်းတွေ မမေးမိဖို့

    လိုအပ်ပါတယ်။


အပေါ်မှာပြောပြခဲ့တာတွေက Interview ဖြေတဲ့အခါကြိုတင်ပြင်ဆင်သင့်တာတွေနဲ့ပတ်သက်ပြီးပြောပြပေးခဲ့တာဖြစ်ပါတယ်။

ကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ပတ်သက်ပြီး ကိုယ်ရွေးချယ်ထားတဲ့ Career တွေမှာအောင်မြင်စွာနဲ့

လျှောက်လှမ်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းများစွာအတွက် LConnect မှ 

အမြဲတမ်းအဆင်သင့်ရှိပါတယ်ခင်ဗျ။ကျေဇူးတင်ပါတယ်။